ပျော်ရွှင်စရာ တောင်ကြီးတန်းဆောင်တိုင်ပွဲတော် ( ၄ ည အိပ် / ၅ ရက် ခရီးစဉ် )

****တောင်ကြီး ~ အင်းလေး ~ ပင်းတယ ~ ထမ့်စမ်း ~ ကလော ခရီးစဉ်****

ဈေးနှုန်း - ၁၇၂၀၀၀ ကျပ် (တစ်ဦးလျှင်)

ပထမနေ့ ==>ညနေ 6 နာရီ ခန့်တွင် Yellow Earth ရုံးရှေ့မှ တောင်ကြီးသို့ 40 Seater Scanner air con bus ဖြင့် စတင်ထွက်ခွာပါမည်။ ၁၁၅ မိုင်၊ ဖြူးရှိ Feel စားသောက်ဆိုင်တွင် လက်ဖက်ရည်သောက် ရပ်နားပါမည်။ ထို့နောက် တောင်ကြီး သို့ ဆက်လက်ခရီးဆက်ပါမည်။ ထို့နေ့ည အတွက် ကားပေါ်တွင် အိပ်စက်အနားယူပါမည်။

ဒုတိယနေ့ ==> မနက်စောစော တွင်အောင်ပန်း သို့ရောက် ရှိပါ မည်။ အောင်ပန်းရှိ စားသောက်ဆိုင်တွင် မနက်စာ သုံးဆောင်ပါမည်။ ထို့နောက် အောင်ပန်းမှ တစ်ဆင့် ပင်းတယမြို့ သို့ ဆက်လက်ခရီးဆက်ပါမည်။ ပင်းတယရှိ ဟိုတယ်တွင် Check In ၀င်ရောက်ကာ ခတ္တအနားယူ ပါမည်။ ထို့နောက် ပင်းတယရွှေဥမင် ဂူဘုရား သို့သွားရောက် ဖူးမြော်ပါမည်။ နေ့လည်စာကို ပင်းတယ ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ထီးလုပ်ငန်း ကိုသွားရောက်လေ့လာပြီး ညောင်ပိန္နဲ ပင်တွင် အလှဓါတ်ပုံများ၊ မိသားစု ဓါတ်ပုံများ ၊ အဖွဲ့လိုက် ဓါတ်ပုံများကို ပျော်ရွှင်စွာ ရိုက်ကြ ပါမည်။ ညနေပိုင်းတွင် ကုံလုံဆရာတော်ဘုရားကြီး ဧ။် ဂူဗိမာန် တော် နှင့် ပုတ်တလုတ်ကန် သို့ သွားရောက်လည်ပတ် ပါမည်။ ညစာ ကို ပင်းတယ ရှိ စားသောက်ဆိုင် တွင် သုံးဆောင်ကာ ထိုတစ်ည အတွက် ဟိုတယ် တွင်အးချမ်း စွာ ပြန်လည် အိပ်စက် အနားယူပါမည်။

တတိယနေ့ ==>ဟိုတယ်တွင်နံနက်စာ သုံးဆောငပြီးနောက် ဟိုတယ်မှ Check Out ထွက်ကာ ညောင်ရွှေမြို့ သို့ ထွက်ခွာ ပါမည်။ ထို့နောက် အင်းလေးကန် ထဲသို့ သွားရောက်လည်ပတ် ကြည့်ရှုပါမည်။ အင်းလေးကန် ထဲ ရှိ ဖောင်တော်ဦး ဘုရား ၊ ငွေထည်လုပ်ငန်း ၊ အလိုတော်ပေါက် ဘုရား တို့ကို သွားရောက် ဖူးမြော်လည်ပတ် ပါမည်။ နေ့လည်စာ ကိုအင်းထဲရှိ စားသောက်ဆိုင်တွင် ရိုးရာ အစား အစာ ဖြင့်စားသောက်ပါမည်။ ထို့နောက် ရက်ကန်းလုပ်ငန်း ၊ ကြောင်ခုန် ကျောင်း နှင့် ရေပေါ်စိုက်ခင်း များ ကို သွားေ၇ာက်လေ့လာပါမည် ။ ထို့နောက် ဟိုတယ်သို့ ပြန်လည် အနားယူပါမည်။ ညစာကို ညောင်ရွှေရှိ ဟိုတယ်တွင် သုံးဆောင်ပြီးနောက်တောင်ကြီးမီးပုံးပျံပွဲသို့သွားရောက်လည်ပတ်ပါမည်။ ညလည်ပိုင်းတွင် ညောင်ရွှေရှိ ဟိုတယ် သို့ပြန်လည် အိပ်စက် အနားယူပါမည်။

စတုတ္ထနေ့ ==>ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ဟိုတယ်မှ Check Out ထွက်ပါမည်။ ထို့နောက် ထမ့်စမ်းလှိုင်ဂူသို့ သွားရောက်လည်ပတ်ပါမည်။မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာကာ တောင်ကြီးရှိ စားသောက် ဆိုင်တွင် နေ့လည်စာ ကိုသုံးဆောင်ပါမည်။ ထို့နောက် ကလောသို့ ခရီးဆက်ကာ ကလောမြို့ရှိ နှီးဘုရား၊ မြင်းမထိဂူဘု၇ားတို့အားသွားရောက်ဖူးမြှော်ပါမည်။ ညစာ ကို ကလော ရှိစားသောက်ဆိုင်တွင် သုံးဆောင်ကာ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ ထိုနေ့ညအတွက်ကားပေါ်တွင် အိပ်စက်အနားယူပါမည်။

ပဉ္စမနေ့ ==> စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပြီး ပြီးနောက်
ပျော်ရွင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးပါမည်။

တည်းခိုမည့် ဟိုတယ် စာရင်းများ
♦ Golden Cave Hotel (ပင်းတယ)
♦ Naw Thu Ka Hotel (ညောင်ရွှေ)

ခရီးစဉ်တွင်ပါဝင်မှုများ
♦ ပင်းတယကြယ် ၃ ပွင့်ဟိုတယ်တွင် တစ်ညတည်းခိုခြင်း
♦ ညောင်ရွှေကြယ် ၃ ပွင့်ဟိုတယ်တွင် တစ်ညတည်းခိုခြင်း
♦ Scanner ၄၀ ယောက်စီး Air-con Bus ဖြင့်ခရီးစဉ်သွားလာခြင်း
♦ မနက်စာ / နေ့လည်စာ / ညစာ
♦ အင်းလေးကန်တွင် လှေဖြင့် လည်ပတ်ခြင်း
♦ ကားပေါ်တွင်ရေသန့်ဘူး နှင့် စနိုးတာဝါများ

ခရီးစဉ်တွင်မပါဝင်မှုများ
♦ ဟိုတယ်တွင်အ၀တ်လျှော်စက် ၊ Mini-bar နှင့် အ ခြားအသုံးစရိတ်များ
♦ စားသောက်ဆိုင်တွင် အခြားအ သုံးစရိတ်များ

*****ခရီးစဉ်ထွက်ခွာမည့်ရက်များ ******

ပထမအကြိမ်==>စတင်ထွက်ခွာမည့်ရက် - 06.November.2014
ပြန်လည်ရောက်ရှိမည့်ရက် - 10.November.2014

ဒုတိယအကြိမ် ==>စတင်ထွက်ခွာမည့်ရက်- 12.November.2014
ပြန်လည်ရောက်ရှိမည့်ရက် - 16.November.2014

***********************************************

အမျိုးအစား : ခရီးသွား
ပေးပို့သည့် နေ့စွဲ : 11-Sep-2014
ဆက်သွယ်ရန်လိပ်စာ : ဆက်သွယ်ရန်လိပ်စာ ==> အမှတ် - ၅၇၃(က)၊ ပြည်လမ်း၊ ကမာရွတ်၊ ရန်ကုန်။ , Phone: 01 511756,Fax: 01 511756, 09 7315574 info@yellowearthtravel.com , sales1@yellowearthtravel.com www.yellowearthtravel.com
ဆက်သွယ်ရန်ဖုန်း : 01-511756
ပေးပို့သူ : Yellow Earth Travel & Tour
myanmarbb-logo